ခင်ပွန်းကြီး (၁၀)ပါး။
ခင်ပွန်းကြီး (၁၀)ပါးဆိုတာ မပြစ်မှားအပ်တဲ့သူတွေပါ။
ခင်ပွန်းကြီး(၁၀)ပါးဆိုတာ ဘယ်သူတွေလဲ။
ပူဇော်ခြင်းဖြင့်ရရှိတဲ့အကျိုးကျေးဇူးနဲ့ ပြစ်မှားရင် ဒဏ်သင့်တာလေးတွေကို
မေးလ်ထဲမှာ ဖတ်မိလို့ ကူးယူတင်ပြလိုက်ပါတယ်။
ခင်ပွန်းကြီး (၁၀)ပါးဆိုသည်မှာ
၁။ ဘုရား
၂။ ပစ္စေကဗုဒ္ဓါ
၃။ ရဟန္တာ
၎။ မြတ်စွာဘုရား၏ တပည့်ကြီး အဂ္ဂသာဝက
၅။ အမိ
၆။ အဘ
၇။ အလေးအမြတ်ပြုအပ်သော ဆရာ၊ အကျင့်သီလ သမာဓိနှင့် ပြည့်စုံ ဂုဏ်ကြီး၍ ရိုသေသင့်သူများ
၈။ လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးအပ်သောဆရာ
၉။ ပစ္စည်းလေးပါး ဒါယကာ (ပေးကမ်းဖူးသူ)
၁၀။ တရားဟောပုဂ္ဂိုလ်
ခင်ပွန်းကြီး ၁၀-ပါးကို ပူဇော်လျှင်
၁။ ကိုယ့်အရပ်ဒေသကနေ အရပ်တပါးကို သွားတဲ့အခါမှာ အစားအစာ မရှားပါဘူး။
၂။ ရောက်ရာအရပ်မှ အပူဇော်ခံရတယ်။
၃။ ရန်သူမျိုးငါးပါး မနှိပ်စက်နိုင်ဘူး။
၎။ မျက်နှာမြင်ရင် ချစ်ခင်စေတယ်။
၅။ လူပုံအလယ်မှာ ရဲရင့်စေတယ်။
၆။ ကိုယ့်ရဲ့ဂုဏ်သတင်း ပျံပလွင့်စေတယ်။
၇။ အခြံအရံ အမြဲမပြတ်ရှိတယ်။
၈။ ဆင်၊ မြင်း၊ ကျွဲ၊ နွား ပေါများပြီး သား၊ သီးနှံ မပျက်စီးဘူး။
(စီးပွားရေးကောင်းမယ်လို့ ဆိုလိုတာပါ)
၉။ မတော်တဆ တောင်ချောက်ကမ်းပါး ကျမယ်ဆိုရင် ဆောက်တည်ရာ ရနိုင်တယ်။
၁၀။ သားတွေ သမီးတွေနဲ့ အခြေအမြစ်ကြီးကျယ်နိုင်တယ်။
ခင်ပွန်းကြီး (၁၀)ပါးကို ပြစ်မှားလျှင်
၁။ ပြင်းထန်သော ဦးခေါင်းနာ စသည့်ဝေဒနာများခံစားရခြင်း။
၂။ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများ ဆုတ်ယုတ်ပျက်စီးခြင်း။
၃။ ခြေ/လက်ပြတ်ခြင်း၊ ကိုယ်အင်္ဂါပျက်စီးခြင်း။
၎။ ကုသမရနိုင်သော ကြီးလေးသည့် ရောဂါများဖြစ်ခြင်း။
၅။ ရူးသွပ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း။
၆။ မင်းပြစ်၊ မင်းဒဏ်သင့်ခြင်း။
၇။ မတရားသဖြင့်စွတ်စွဲ ခံရခြင်း။
၈။ ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်းမရှိခြင်း။
၉။ စည်းစိမ်ဥစ္စာနှင့် အခြွေအရံများပျက်စီးခြင်း။
၁၀။ နေရာ၊ တိုက်၊ အိမ်တို့ မီးလောင်းပျက်စီးခြင်း။