အပါယ်မည်သည် တကြိမ်ကျခဲ့လျှင် ဘဝအသင်္ချေ

သွားတတ်ချေသည်။ ယခုဘဝ၌ ဒါနမှုနည်းပါး၍

ကာယကံမလုံခြုံ၊ဝစီကံသောင်းကြမ်း၊မနောကံ

ညစ်နွမ်း၍စရစတရားနည်းပါးသောသူတို့သည်သေ

သည့်အခြားမဲ့၌ အပါယ်ကျမှုအားကြီးလျက်ရှိနေကြ

ကုန်၏။ အခန့်တော်၍ သုဂတိဘဝသို့ ရောက်ကြပါ

ကုန်သော်လည်း ဒါနဟူသော စရဏတရားနည်း

ပါးခဲ့သည့်အတွက် ဖြစ်လေရာဘုံဘဝ၌ ဓနဥစ္စာချို့

တဲ့မှုနှင့်ကိုယ်မချမ်းစိတ်မချမ်းအသက်မွေးကြမ်း

တမ်းမှုအပါယ်လမ်းတမျိုး၊နိစ္စသီလဥပေါသထသီလ

ဟူသောစရစတရား နည်းပါးခဲ့သည့်အတွက် တွေပ

ရှိသောသူတို့နှင့် ခိုက်ရန်ဒေါသ ဝိဝါဒကြီးပွား အနာ

ရောဂါများပြားမှုအပါယ်လမ်းတမျိုး၊ဤသို့သောအ

ပြစ်ဒေါသတို့သည်ဘဝတိုင်းတွေ့ကြုံ၍အထုံဝါသ

နာအစဉ်ပါသဖြင့်သုဂတိဘုံမှာ များစွာဆက်လက်

ခွင့်မရကြကုန်မူ၍အပါယ်သို့သာ မကြာခင် ကျ

ရောက်ကြလေကုန်ရာသောကြောင်ဒါန-သီလ

ဟူသောစရဏတရားနည်းပါးသောသူတို့သည်

နောက်ဘုရားနှင့် တွေ့ကြုံရန် အခွင့်အလမ်း

နည်းပါးလျက်ရှိကြလေကုန်သတည်း။

(လယ်တီဆရာတော်)

 

လူတွေကိုသာ ပြောပြောနေရတယ်။ တို့ဘုန်းကြီး

တွေကောလာဘ်လာဘတွေပေါများချင်ကြတယ်။

ဘုန်းကြီးချင်ကြတယ်။ ဒါယကာ ဒါယိကာမတွေ

ပေါများချင်ကြတယ်။ ဒါတွေပေါများလာရင် သာ

ယာမှုတဏှာက ပါလာပြီ။ တဏှာပါလာရင်

“ငါမှငါ”ဆိုတဲ့မာနကပါလာပြီ။သံသရာကိုချဲ့

ထွင်တတ်တဲ့တရားတွေက နောက်ကလိုက်

လာပြီ။ ဘုန်းနောက်လိုက်ရင် သွားရမယ့်

နိဗ္ဗာန်နဲ့ ဝေးပါသေးတယ်။ နိဗ္ဗာန်သွားတဲ့

လမ်းအကျင့်နဲ့ ဂုဏ်ပေါများအာင် ကျင့်တဲ့အ

ကျင့်ဟာတခြားစီပဲ။သာသနာမှာအချောင်နေ၊

အချောင်စား လုပ်နေရင် နောက်ဘဝ မသက်သာ

ဘူး။ ဒါကြောင့်ကိုရင်တို့ ဦးဇင်းတို့ ကောင်း

ကောင်းနေကြ။ ဘုရားအာရုံပြုနေကြ။

( အမရပူရ မဟာဂန္ဓာရုံ ဆရာတော်)

 

အခု သက်တမ်းတရာဆိုတော့တရာထက်မလွန်

ကြဘူး။ တရာတွင်းမှာပဲ ပျောက်ပျောက်ကုန်ဆုံး

သွားတယ်။ နောက်တဖန်ဒီဘဝမျိုး ရချင်မှရမယ်။

အင်မတန်ရခဲတာပဲ။ အပါယ်လေးပါး တခါကျရင်

လည်း ပြန်လွတ်ဖို့မလွယ်ဘူး။ မတော်တဆ ကျ

သွားရင်ပြေတာ။ ဒါကြောင့် ဘုရားက လူချမ်း

သာနဲ့လည်းမလဲစေချင်ဘူး။နတ်ချမ်းသာကော

ထို့အတူပဲ။ အသက်ရှည်တယ်ဆိုပေမယ့် ပဋိ

သန္ဓေရှိရင် စုတိတာပဲ။ တနေ့ကျ စုတိသွား ရွေ့

သွားပြီးတော့ အပါယ်လေးပါး ကျချင်ကျသွားမယ်။

သံသရာဝဋ်၏ ဒုက္ခမလွတ်ဘူး။

( စစ်ကိုင်း ရွှေဟင်္သာဆရာတော်)

 

သာသနာ့လမ်းစဉ်ဆိုတာ“စေရာသွား၊ထားရာနေ”

ဆိုတဲ့ဖန်ဆင်းရှင်ဝါဒလည်း မဟုတ်ဘူး။ “ကြိုက်

သလိုနေ၊အချိန်တန်ရင် လာကယ်မယ်”လို့အာမ

ခံ တာဝန်ယူထားတဲ့ကယ်တင်ရှင်ဝါဒလည်းမ

ဟုတ်ဘူး။ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ၊

ကိုယ်ရကိုယ်ယူဆိုတဲ့ ကမ္မဿကတာဝါဒသာ

ဖြစ်တယ်။ ကိုယ့်ဒုက္ခ ကိုယ်ပဲ နုတ်ရ, လျှော့ရမယ်။

ကိုယ့်ချမ်းသာကို ကိုယ်ပဲရအောင်ယူရမယ်၊ သာသ

နာဆိုတာ လမ်းခင်းပေးရုံလမ်းညွှန်ပေးရုံ လမ်းဖွင့်

ပေးရုံပဲ တတ်နိုင်ပါတယ်။ လမ်းပေါ်ရောက်အောင်

တက်သွားပြီး သွားရမှာကတော့ ကိုယ့်အလုပ်ပါ။

 ( တိပိဋက ယော-ဆရာတော်)

 

အကြင်သူသည် လောကီစည်းစိမ်၊ လောကီချမ်း

သာမျှကိုသာတောင့်တ၍လွန်ကဲစွာပင်ဒါန,သီလ

ကိုအားထုတ်၏။လုံ့လပြု၏၊ ထိုသူသည် ကိုယ့်ကိုယ်

ကိုပင် သံသရာဝဋ်ဒုက္ခ၌ ရောင်းစား ပေါင်နှံသူ

မည်၏။

(စတုဂီရိ တောင်လေးလုံး ဆရာတော်၊ အမရပူရ)

 

တချို့က ပစ္စည်းလေးပါးကို အလွယ်တကူရအောင်၊

ဘုန်းကြီးအောင် ကြိုးစားအားထုတ်နေကြတယ်။

လှူမည့် ဒကာ ဒကာမတွေများအောင် နည်းအမျိုးမျိုးနဲ့

အားထုတ်နေကြတယ်။တချို့အကြားအမြင်ပေါက်သ

ယောင်ယောင်သူတပါးစိတ်ကိုသိသယောင်ယောင်

ဟန်ဆောင်နေကြတာလည်းရှိတယ်။ရဟန္တာဖြစ်သ

ယောင်ယောင် ဟန်ဆောင်နေကြတာလည်း ရှိတယ်။

တချို့က ထွက်ရပ်ဝိဇ္ဇာ ပေါက်သယောင်ယောင်၊

ကျန်းမာရေး,စီးပွားရေး,ရာထူးဌာနန္တရမဆုတ်ယုတ်ဘဲ

တိုးတက်ရေးစသည်အတွက်စွမ်းဆောင်နိုင်သယောင်

ယောင်၊ ဒီလိုဟန်ဆောင်နေတာလည်း ရှိတယ်။ အဲဒီ

လို မတရားသဖြင့် စီးပွားရှာမှုကိုတော့ ဝိနည်းတော်

အရ လုံးဝမပြုသင့်ပါဘူး။

(မဟာစည်ဆရာတော်)

 

ဘာမဆိုကံကိုယုံပြီးပုံထားသူများကဲ့သို့နတ်ကို

ယုံပြီးပုံထားမှုမျိုးကား မပြုအပ်ပါ။ ရတနာသုံးပါး

အပေါ်၌ယုံကြည်လွန်းလေ၊အာရုံပြုလွန်းလေ

ကောင်းလေ ဖြစ်သော်လည်း နတ်များအပေါ်၌

အလွန်အကျွံပြု၍ ယုံခြင်းမျိုး၊ နတ်ရူး, ရူးသည်ဟု

ဆိုရလောက်အောင် အဖြစ်မျိုးကား မလိုလားအပ်

သော ယုံကြည်မှုမျိုး ဖြစ်ပါသည်။အချို့ကားဘု

ရားဆွမ်းတော်တင်ရန်၊ ရေချမ်းကပ်ရန်၊ ဆီမီး

ကပ်ရန်၊ ပန်းကပ်ရန်ကား သတိမရပါ။ နတ်ပွဲကို

မူကားတရိုတသေပြုစုပသကြ၏။ဘုရားထက်ပို၍

နတ်ကို ရိုသေလေးစားသော ပူဇော် ပသမှုမျိုး

ကား မိမိ၏ဗုဒ္ဓဘာသာ မပီသမှုကို ဖော်ပြခြင်းဖြစ်

ရာ ထိုအမှုမျိုးကို ရှောင်ရှားရန် အထူးပင် သတိ

ပြုဖို့ လိုအပ်ပါသည်။

(ဓမ္မဒူတ အရှင်ပညာဇောတ)

 

 -ရဟန်းသည် သီလအတွက် အသေခံသည်။

-ရဟန်းသည် သမာဓိနည်းလျှင် ကိလေသာမုန်

တိုင်း တိုက်လှဲသည်။-အမျက်ထွက်လာသူကို သည်း

ခံလျှင် နှစ်ဦးလုံး အကျိုးရှိ၏။-ကျမ်းဂန်တတ်၍ သီလ

မရှိလျှင် အဆိပ်သီးပင်နှင့်တူ၏။-ခြင်္သေ့သည် ကျား

ကို နိုင်၏။ ကိုယ်တွင်းက ခွေးလှေးသန်းကို မနိုင်။ 

-မသူတော်သည် သူတော်ကောင်းကို နိုင်၏။ ကိုယ်တွင်း

က အကုသိုလ်ကို မနိုင်။

(ရွှေကျင်ဆရာတော်ကြီး မင်းတုန်းမင်းလက်ထက်)

 

မိဘကောင်းတို့သည် သားသမီးကို ပစ္စည်းဥစ္စာ

ထက်အသိအလိမ္မာနှင့်ပညာပေးကာချီးမြှောက်

လိုကြ၏။ ပစ္စည်းဟူသည် ပျက်စီးတတ်၍ မပျက်

မစီး, ထာဝရတည်သော ကောင်းကျိုးကိုလည်း အ

ရှည်ပေးတတ်သော ထိုချီးမြှောက်မှုမှာ မှန်ကန်သော

ချီးမြှောက်မှုပင် ဖြစ်၏။ထိုကဲ့သို့ ချီးမြှောက်သော

မိဘများမှာ သားသမီးကို တကယ်ချစ်သော သားသ

မီး၏မိတ်ဆွေများတည်း။ သားသမီးကို အလိုလိုက်

တတ်၊ မဆုံးမတတ်သော မိဘများမှာ ချစ်ရာမရောက်

နှစ်ရာရောက်၍ ရန်သူများပင် ဖြစ်၏.

(သပြေကန်ဆရာတော် ဦးဝါသေဋ္ဌာဘိဝံသ)

 

 ဒါနဲ့---ဒကာ ဒကာမတွေ အချို့ သေသွားတဲ့အခါက

တော့ အမောဆိုက်ပြီး တခါ သားကိုစိတ်မချ၊

သမီးကိုစိတ်မချ၊ပစ္စည်းကိုစိတ်မချဖြစ်ပြီးဝန်တွေပိပြီး

သေသွားကြတဲ့ပုဂ္ဂိုလ်တွေအင်မတန်များကြတယ်။

ဒါဖြင့် ဝန်ပိသေတဲ့ပုဂ္ဂိုလ် ကောင်းရာသုဂတိ လားနိုင်

မလားလို့ မေးကြည့်ရင် မလားနိုင်ပါဘူး။

(မိုးကုတ်ဆရာတော် ဦးဝိမလ)

 

 အနမတဂ္ဂ သံသရာ၌ သဗ္ဗညုဘုရားကို ကိုးကွယ်

ကြရသော ဘဝကား အလွန်နည်းပါး၏။ ရံခါ ဗြဟ္မာကို

ဘုရားဟု ကိုးကွယ်ကြရကုန်၏။ ရံခါ သိကြားကို၊ ရ့ခါ

ထိုထိုနတ်ကြီးတွေကို၊ရံခါ နေကိုဘုရားဟုကိုးကွယ်ကြ

ရကုန်၏။ ဂံခါ လကို၊ ဂံခါ ထိုထိုနက္ခတ်ကို၊ ရံခါ

ဘုမ္မစိုးနတ်ကြီးကို၊ ဘီလူးကြီးတေါကို ဘုရားဟု ကိုး

ကွယ်ကြရကုန်၏။လောက၌အလွန်ယုတ်မာမှောက်

မှားသော မိစ္ဆာဒိဋ္ဌိဆရာကြီးတို့ကား ကမ္ဘာ့တန်ဆာ၊

ကမ္ဘာ့မြေစာကဲ့သို့အလွန်တရာ ပေါများကြကုန်၏။

 ထိုမိစ္ဆာဒိဋ္ဌိ အယုတ်တမာကြီးတွေကို တွေ့မိတွေ့ရာ

ဘုရားဟူ၍  ကိုးကွယ်ကြကုန်သော ဘဝတို့ကား အ

လွန်များပြားကြကုန်၏။ ဂံခါ နဂါးကို၊ ရံခါ ဂဠုန်ကို၊

ရံခါမြစ်ကို၊ရံခါမီးကို၊ရံခါရေကိုဘုရားဟူ၍ ကိုးကွယ်

ကြရကုန်၏။ ဤသို့လျှင် ကိုယ်တွင်း၌ သက္ကာယဒိဋ္ဌိ

အမှောက်အမှားကြီးရှိနေကြကုန်သော ပုထုဇဉ်သတ္တ

ဝါတို့၏တဘဝတဘဝလျှင်တမျိုးတမျိုးကိုးကွယ်ရာဘု

ရားမည်သည် လောကဓာတ်၌ အလွန်များပြား၏။ ကြပ်

ကြပ်ကိုးကွယ်လေလေ အပါယ်ငရဲ ကြပ်ကြပ်နက်နဲလေ

လေသာ ဖြစ်၏။

(လယ်တီဆရာတော်)

 

 သာသနာတော်ဟာအမြဲတမ်းတည်တံ့ခိုင်မြဲနေမှာ

မဟုတ်ဘူး။နော်ကဆုံးကာလကွယ်ပျောက်မှာမလွယ်

ဘူး။သာသနာတော်ကြီးမကွယ်ပျောက်ခင်မိမိတို့တဖက်

တလမ်းကနေစောင့်ထိန်းရမယ်။သာသနာတော်ကြီးဟ

ပြောင်းလဲနေတယ်။မတည်မြဲဘူး။တကယ့်ရဟန္တာများ

လက်ထက်ကတောင် ပြောင်းလဲနေသေးတယ်။ ခုခေတ်

ပုဂ္ဂိုလ်များလက်ထက်မှာ ပြောစရာမလိုတော့ဘူး။

 

 မြတ်စွာဘုရားပရိနိဗ္ဗာန်စံဝင်သွားပေမယ့်ဟောကြားဆုံး

မတော်မူတဲ့ တရားဒေသနာတွေ များစွာကျန်ခဲ့တယ်။

အဲဒီတရားတော်တွေအတိုင်း ပြောဆိုနေထိုင်သွားရင်

နိဗ္ဗာန်နဲ့မဝေးဘူး။နီးဖို့ရန်သာအကြောင်းရှိပါတယ်။

ဗုဒ္ဓတရားတော်တွေကိုသိနေတဲ့သူဟာသေရမှာကို

မကြောက်ပါနဲ့။ သေရမှာကြောက်သူဟာတရား

တော်ကိုအထင်သေးရာရောက်နေပါတယ်။ ဒါကြောင့်

မတည်မြဲနိုင်တဲ့ သာသနာတော်ကြီးမှာ ကိုယ့်ကိုယ်

ကို ကောင်းကောင်းထားလိုက်ရမယ်။

(အမရပူရ မဟာဂန္ဓာရုံ ဆရာတော်)

 

 လောကမှာအယူအဆအတွေးအခေါ်တွေမှားနေရင်၊

စဥ်းစားနှိုင်းချိန်တတ်တဲ့ အသိတရားတွေ ကင်းကွာနေရင်

ကံအရှိ၊ ခန္ဓာအရှိ၊ သံသရာအရှိ၊ တရားအရှိ၊ သစ္စာအရှိ

စတဲ့ အကျိုးတရားတွေကို ရှိတဲ့အတိုင်း သိမြင်နိုင်ခွင့်

မရတော့ပါဘူး။ကိုယ့်အတွက်သာကြည့်တတ်ပြီး

သူ့အတွက် မကြည့်တတ်ရင်၊ မျက်မှောက်အတွက်

သာ မြင်တတ်ပြီးနောင်ရေးအတွက် မမြင်တတ်ရင်

လောကီအတွက်သာ ဦးတည်တတ်ပြီး လောကုတ္တ

ရာအတွက်ဦးတည်ချက်မထားတတ်ရင်တဖက်မျှသာ

မြင်သူဖြစ်လို့ လူ့စွမ်းရည်မကုံလုံ မပြည့်စုံသေးပါဘူး။

လူစင်မမီ၊ လူသားမပီသသေးပါဘူး။

(တိပိဋက ယော-ဆရာတော်)

 

 

-မသူတော်သည် အမျက်ထွက်သည်ဖြစ်စေ၊ မထွက်

သည်ဖြစ်စေ၊ စကားလှသည်ဖြစ်စေ၊ မလှသည်ဖြစ်စေ

ရွံစရာသာတည်း။-ဆုံးမချင်သူ သဲလုံးအတူများပါစေ

ဟု ရှင်ရာဟုလာ နှလုံးသွင်းသည်။

(ပထမရွှေကျင်ဆရာတော် မင်းတုန်းမင်းလက်ထက်)

 

 

ဘာမှမလုပ်ဘဲထိုင်ပြီးဆုတောင်းနေရုံနဲ့ကယ်တင်မယ်

ဆိုတဲ့မဖြစ်နိုင်တဲ့မက်လုံးနဲ့ဆွဲဆောင်တာကိုအဟုတ်မှတ်

ပြီးထိုင်နေလို့ကတော့ငတ်ရုံပဲပေါ့။တချို့ကရှိသေးတယ်စီး

ပွားရေးမြင့်တက်လာအောင် နတ်ကန္နားပေးရမယ်ဆိုပြီး

နတ်ကတော်က နတ်နဲ့ခြောက်,မြှောက်တာမျိုးကို ယုံတဲ့

သူတွေလဲမနည်းဘူး။တကယ်တော့နတ်တွေဆိုတာက

လည်းလူတွေမျှော်မှန်းသလိုအစွမ်းအစဘာမှရှိတာမဟုတ်

ဘဲနဲ့အခြေအမြစ်မခိုငတဲ့ဟာတွေယုံမှတ်နေပြန်ရင်လည်

လူညံ့လူဖျင်း ဖြစ်သွားနိုင်တယ်။ ဗုဒ္ဓဘာသာကို အရောင်

ညှိုးအောင်လုပ်ဆောင်နေတာဟာ တောင်ပြုံးနတ်ပွဲလို

ထင်ရောလျှက်ြလုပ်နေကြတဲ့ နတ်မြှောင်တွေောကာင့်

ရတနာ ၃-ပါးကို တမျိုးတဖုံနဲ့ ထိခိုက်စေတယ်

ဆိုတာကို ဒီနေ့ လူငယ်တွေ နားလည်ကြပါ။

အလိမ်အညာ မခံရအောင် စာများများဖတ်ကြစေ

ချင်တယ်။ ယုတ္တိတန်သလား မတန်ဘူးလားဆိုတာ

နက်နက်နဲနဲ တွေးကြံဆကြပါ။

(ဆရာတော် ဦးအာစိဏ္ဏ-တမ္ပဝတီ)

 

 ဤနတ်ဝါဒသည် ရှေးအခါက လူတွေရိုင်စိုင်းလေ

အားကောင်းလေဖြစ်ခဲ့၏။ယခုအခါ၌ပင်မြန်မာပြည်

တောင်ပေါ်ဒေသများ၌ကျွဲနွားစသေတိရစ္ဆာန်တိုပကို

သတ်ဖြတ်ကာ ယစ်ပူဇော်နေကြသေး၏ ။ မြို့ရွာ

များ၌လည်း ထုံးတမ်းစဉ်လာ ရိုးရာအလိုက်

ဟုယူဆကာနတ်ပွဲများကိုကျင်းပနေကြ၏။အထူးအားဖြင့်

နှစ်စဉ်နှစ်တိုင်းဝါခေါင်လဆန်း(၈)ရက်မှဝါခေါင်လကွယ်

နေ့တိုင်အောင်တောင်ပြုံးနတ်ပွဲနှင့်ရတနာ့ဂူနတ်ပွဲများ

သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာပြည်၏ ရုပ်ပျက်

ဆင်းပျက် အမည်းကွက်များ ဖြစ်ပါသည်။

(ပထမကျော်ဘွဲ့ရ ဦးပညိန္ဒာဘိဝံသ ခါတော်မှီဆရာတော်)

 

 

ဒါကြောင့်နတ်ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေ၊ ဝိဇ္ဇာတွေ,ဘိုးတော်

တွေ ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေ၊ဗေဒင်ဆရာကိုးကွယ်တဲ့

ပုဂ္ဂိုလ်တွေ ဆင်းရဲဒုက္ခရောက်လာပြီဆိုရင် ခြေမကိုင်မိ

လက်မကိုင်မိတွေအများကြီး ဖြစ်လာကြတယ်။ဟုတ်တယ်

မဟုတ်လား။ တကယ် ဘယ်သူလာကယ်ပါ့မလဲ ...

ဗေဒင်ဆရာလည်း တကယ်ဖြစ်လာပြီဆိုရင် မကယ်နိုင်

ဘူး။ နတ်ကရော ကယ်နိုငမလား၊ မကယ်နိုင်ပါဘူး။

သေစရာရှိ သေမှာပဲ၊ ဆင်းရဲစရာရှိ ဆင်းရဲမှာပဲ

ဟုတ်ရဲ့လား။

(ကျစွာဆရာတော် ဦးလက္ခဏ)

 

 

ဝိပဿနာအလုပ်လုပ်တယ်ဆိုတာတမင်ရှာပြီးလုပ်နေ

ရတာမဟုတ်ဘူး။ကိုယ့်ခန္ဓာကိုယ်ကြည့်ရုံပါပဲ။ကြည့်

တော့ဖောက်ပြန်ပျက်စီးနေတာအမျိုးမျိုးခန္ဓာမှာတွေ့

ရမှာပဲ။ ခန္ဓာအရှိကို ဉာဏ်အသိနှင့်ကိုက်ရင် ယထာ

ဘူတဉာဏ်၊ ဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ်၊ နိဗ္ဗာန်ဆိပ်

ဦးရောက်ပြီလိှု့ဆိုင်နိုင်တယ်။

(မိုးကုတ်ဆရာတော် ဦးဝိမလ)

 

 

သူတပါး၏အပြစ်ကို မရှုရ၊ ကိုယ့်အပြစ်ကို မြင်အောင်

ရှု၍အပြစ်မှလွတ်အောင်ပြုရမည်။သူ့ပစ္စည်းကိုမလိုချင်ရ၊

ကိုယ့်ပစ္စည်းအစစ်ဖြစ်သောအကျင့်တရားကိုသာသမ္မာ

ဆန္ဒဖြစ်စေရမည်။ကြောက်လန့်ရအောင်မနေရ၊ကြောက်

လန့်ရန်မရှိအောင် နေရမည်။ စာပေကျမ်းဂန်တတ်သိခြင်း

မမှားစေရ၊ စာပေကျမ်းဂန်တတ်ခြင်း၊ အမှန်သို့ကျအောင်

သတိသမ္ပဇဉ် ပြုရမည်။စာပေကျမ်းဂန် တတ်ရုံမျှနှင့်

မနေရ၊ တရားတတ်သိအောင် အားထုတ်ကျင့်ကြံရမည်။

သံသရာ၌ အသက်ရှည်ရန်ကို မလိုအပ်၊ သံသရာသက်

တိုရန်ကိုသာ လိုအပ်သည်။ ရြှ်လျားသော တဏှာကိုဖြတ်

ရတိုသေးသောပါရမီကို ဆက်ရမည်။

(စစ်ကိုင်း ဝါးချက်မင်းကျောင်းဆရာတော်ကြီး)

 

 

သူ့ကိုလည်း ငါမပိုင်၊ ငါ့ကိုလည်း သူမပိုင်၊ ကယ်သူ့ကိုမှ

ဘယသူမပိုင်၊ ငါ့ကိုယ်သော်မှ ငါမပိုင်။အချိန်တိုင်းက

ငါဖြစ်ချင်သလို မဖြစ်၊ သူဖြစ်ချင်သလိုဖြစ်။ဥစ္စာက

သော်လည်း လူကိုပစ်၊ လူကသော်လည်း ဥစ္စာကိုပစ်၊

စင်စစ်မုချ အမြဲမရှိ အနိစ္စ၊ ကြောက်စရာ ဒုက္ခ၊ အစိုးမရ

အနတ္တ-ဟု မပြတ်နှလုံးသွင်းကြလေ။

(ဒီပဲရင်းဆရာတော်ကြီး)

 

 

သရဏဂုံဟာ ကလေးသူငယ်ကအစလူတိုင်းလူ

တိုင်းနဲ့သင့်လျော်တယ်။ဘာမျှမကုန်ခန်းမပင်ပန်း

ဘဲနဲ့လည်း သရဏဂုံတည်မှုကို ရနိုင်တယ်။ သရ

ဏဂုံတည်တယ်ဆိုတာဟာ ဘာလဲလို့မေးရင်

၁။ ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါးအား

     သဒ္ဓါယုံကြည်စိတ်ဖြင့် မိမိကိုယ်ကို အပ်နှံခြင်း။

၂။ ဘုရား တရား သံဃာ ရတနာသုံးပါးကို မှီခိုအားထားခြင်း။

၃။ ရတနာသုံးပါး၏ တပည့်အဖြစ် ခံယူခြင်း၊

၎။ ရတနာသုံးပါးကို ရိုသေစွာရှိခိုးခြင်း

အဲဒီလေးပါးအနက်မှ တပါးပါးကို ပြုလုပ်လိုက်ရင် ပြုလုပ်

တဲ့သူဟာ သရဏဂုံတည်တယ်လို့ မှတ်ယူရမယ်။

(တောင်ပုလုတောရ ဆရာတော်)

 

လူ့ဘဝဆိုတာ အကာနှင့်အနှစ် ခွဲခြားသိမြင်တတ်

မှသာ အကာကိုခွဲပြီး အနှစ်ကို ဆွဲထုန်ယူနိုင်ပါ

လိမ့်မယ်။ အကာလောက်ကိုသာ အနှစ်ထင်နေရင်

(သို့မဟုတ်)အကာနှင့်အနှစ်ပြောင်းပြန်အမြင်လွဲနေရင်

အဖိုးတန်လှတဲ့ လူ့ဘဝမှာ အနှစ်မတွေ့ရတော့ဘဲ

အကာနဲ့သာ တဘဝ ဆုံးတတ်ပါတယ်။

(တိပိဋကဓရ ယော-ဆရာတော်)