ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ ဆုံးမစကား
သို့ပါလေမှ သင့်ဘ၀၀ယ်
“ဖြစ်ပြီးအဟောင်း၊ တိတ်ဇာတ်ကြောင်းကို ၊ ပြန်ပြောင်းစဉ်းစား၊ မညည်းတွားနဲ့”
***
အတိတ်အကြောင်းဖြစ်ပြီးသားတွေကို စဉ်းစားပါ၊ တွေးပါ၊ ဒါပေမဲ့
မညည်းတွားပါနဲ့တဲ့၊ အတိတ်ရဲ့အမှားအမှန်ကို စဉ်းစားသုံးသပ်တဲ့ ဥာဏ်နဲ့
ကြည့်ပါ။ စဉ်းစားပါ၊ ဖြစ်ပြီးသားတွေအတွက် သောက ဖြစ်ဖို့၊ ညည်းတွားဖို့
မဟုတ်ပါဘူး။ အခုကောင်း နောင်ကောင်းဖို့ အသိဥာဏ်တွေ ပေါ်ပါစေတဲ့။
“ နောင်ခါဖြစ်လတ်၊ အနာဂါတ်ရဲ့၊ ဇာတ်ကြောင်းတွေးတော၊ စိတ်မမောနဲ့”
***
အခုမဖြစ်သေး၊ နောင်မှဖြစ်လာမယ့် အနာဂါတ်ကိုလည်း တွေးတောပါ။
စိတ်မမောပါနဲ့တဲ့။ လူတွေက အနာ ဂါတ်ကို တွေးရင်း အသိဥာဏ်မပါတဲ့အတွက်
စိတ်မောဖို့ စိတ်မောစရာတွေကိုပဲ တွေးနေကြတယ်။
*** အတိတ်အကြောင်းကို
ဥာဏ်နဲ့နားလည်ပြီး အခုကောင်းအောင်နေတတ်သူအတွက်
နောင်အနာဂါတ်ဆိုတာတွေးလိုက်တိုင်း စိတ်အေးစရာပါ။ စိတ်မောစရာ မဟုတ်ပါဘူး။
အတိတ်ကို မျက်စိမှိတ်ထားသူအတွက် အနာဂါတ်ကိုလည်း မမြင်နိုင်၊
ပစ္စုပ္ဖန်မှာလည်း အကန်းပဲဖြစ်နေမှာပေါ့။
***အတိတ်တွေး စိတ်လေးနဲ့၊
စဉ်းစား၊ မညည်းတွားနဲ့၊ အတိတ်အာရုံက ကြောက်စရာမဟုတ်၊ မစဉ်းစားလို့လဲ
မဖြစ်နိုင်။ တကယ်ကြောက်ရမှာက အကုသိုလ်ကိလေသာတွေဝင်ပြီး စိတ်မလေးဖို့၊
မညည်းတွားဖို့ဆိုတာကို သဘောပေါက်စမ်းပါ။ အတိတ်ကိုမတွေး၊
မစဉ်းစားခိုင်းတာမဟုတ်ဘူး၊ သောကမဖြစ်ဖို့က အဓိက”
***
အနာဂါတ်ဇာတ်ကြောင်းကိုလည်း မတွေးတောနဲ့လို့ပြောတာ မဟုတ်ဘူး၊
မရောက်သေးမှန်းသိလျက်နဲ့ စိတ်မောနေတာကို မဖြစ်ဖို့ ပြောလိုတာ၊ စိတ်မမောနဲ့
စိတ်မပူနဲ့။စိတ်အေးစပ်းပါလို့ ပြောတာ…
“ဖြစ်ဆဲဧကန်၊ ပစ္စပ္ဖုန်ကို၊ ဝေဖန်ဥာဏ်ရှု၊ မျှတမှုဖြင့်၊ ပူမှုကင်းစွာ၊ နေစမ်းပါလော့” တဲ့
***ဖြစ်ဆဲ
ယခု ပစ္စုပ္ဖန်ကာလမှာလည်း ကောင်း မကောင်း ၊ မှန် မမှန်၊ ဟုတ် မဟုတ်၊
လုပ်သင့် မလုပ်သင့် ကို သိနိုင်တဲ့ ဥာဏ်ပညာနဲ့ မျှတစွာ၊ အပူပင်ကင်းစွာ
နေစမ်းပါလို့ ခိုင်းတာ၊ အဲဒါမျိုးကို မလုပ်မနေရလို့ ပြောချင်တာ”
“ သို့ပါလေမှ၊ သင့်ဘ၀၀ယ်၊ ဒုက္ခကင်းကွာ ၊ ချမ်းသာလာလိမ့်”
ဓမ္မဒူတ ဒေါတ်တာအရှင်ဆေကိန္ဒ ၏ "ခန့်တဲ့ စိတ်နဲ့ နေပါ့မယ်" စာအုပ်မှ မျှဝေ လိုက်ပါတယ်။