ပုညရှင်ကျွန်းတစ်ပင်ဘုရားကြီးသည်ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်၊အင်ပင်

မြို့ ၀ါဆိုကျောင်း တိုက်အတွင်းတွင် တည်ရှိသည်။ဘုရားကြီး၏ပုံတော်မှာမတ်ရပ်

ကိုယ်တော် ပုံဖြစ်သည်။ဥာဏ်တော်၁၂တောင်၂မိုက်ရှိပြီးသင်္ကန်းတော် ၀ဲယာ  

အစွန်းနှစ်ဖက် အကျယ်မှာ ၄ တောင်၂မိုက်ရှိသည်။ ဘုရားကြီး၏ ထူခြားချက် မှာ

ကျွန်းပင် တစ်ပင် တည်းကို  မတ်ရပ်ပုံတော်   ထုလုပ်ထားခြင်းဖြစ်သည်။   သက်

တမ်းအားဖြင့် နှစ်တစ်ရာ ကျော်  ရှိပြီဖြစ်သောရှေးဟောင်းဘုရား တစ်ဆူ  ဖြစ်

သည်။

          ၁၂၄၀-ပြည့်နှစ်တွင် ရဟန်းတော်ဦးတိက္ခသည်  ယခုဝါဆိုကျောင်း   နေ

ရာတွင်  တာရဆောက်  တည်၍ နေခဲ့သည်။  ဆရာတော်ကို အင်ပင်ရွာ သားများ

ကျောင်းဆောက်လှူဒါန်းရာမှဝါဆိုကျောင်းတိုက်ဖြစ်ပေါ်လာခဲ့သည်။ဝါဆိုကျောင်း

တိုက်၏အနောက်ဘက်ကိုက်၁၀၀ခန့်အကွာတွင်လုံးပတ်လှည်းဘီးပမာဏရှိသော ကျွန်းပင်ကြီးနှစ်ပင်ရှိရာ တစ်ပင်ကို ဘုရားပုံတော် ထုလုပ်ကိုးကွယ်ရန် အင်ပင်

ရွာသားများက ရည်သန်ခဲ့ကြသည်။ အင်ပင်သူကြီးဦးငွေကိုင် ကဦးစီး၍ဘုရား

ထုလုပ်ပူဇော်ရန်အကောင်းဆုံးကျွန်းပင်တစ်ပင်ကိုရွေးချယ်သည်။မြန်အောင်မြို့

နယ် ဆပ်သွားချောင်းရွာမှ ပန်းပုပညာရှင် ဦးတင်အား ဘုရားပုံတော်ထုလုပ်စေ

ခဲ့သည်။၁၂၅၈-ခုနှစ်တွင် ပုညရှင်ကျွန်းတစ်ပင် ဘုရားကြီးကို အောင်မြင်စွာ ထု

လုပ်ပြီးစီးခဲ့သည်။

     ဘုရားကြီးမှာ ဥာဏ်တော်မြင့်မား၍ ထုထည်ကြီးမားသော သစ်သားမတ်ရပ်

ပုံတော်ဖြစ်သောကြောင့် ပျက်စီးမှု့များ ရှိခဲ့သည်။ ထို့ကြောင့် ဆရာတော်ဦးသူရိ

ယနှင့် ဆရာတော် ဦးပညာဝါ (အင်ပင်ဝေဋ္ဌုဝန်)တို့က ဦးစီး၍ပြင်ဆင်မွမ်းမံခဲ့ကြ

သည်။ ၁၃၃၂-ခုနှစ်၊တန်ဆောင်မုန်းလဆန်း ၈ရက်နေ့တွင် အောင်မြင်စွာ ပြီးစီးခဲ့

သည်။

        ဘုရားကြီးမှာ ပျက်စီးယိုယွင်းမှု့များ ရှိနေပြန်ရာ လက်ရှိဆရာတော် ဦးသြ

ဘာသနှင့် တပည့်ဒါယကာများကဦးဆောင်၍၁၃၅၇-ခုနှစ်တွင် ဒုတိယအကြိမ် ပြင်

ဆင်ခဲ့ကြသည်။  

       ၁၃၅၈ခုနှစ်တွင် ပုညရှင် ကျွန်းတစ်ပင် ဘုရားကြီး၏  နှစ်တစ်ရာ ပြည့်ပွဲတော်

ကိုစည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ယခုအခါဘုရားကြီးရေရှည်တည်တံ့နိုင်

ရန် အတွက်ခေတ်မီနည်းပညာနှင့် ငွေကြေးလိုအပ်လျက်ရှိရာဆရာတော်ဦးသြ

ဘာသနှင့် တပည့်အများက၀ိုင်းဝန်းဆောင်ရွက်လျက် ရှိသည်။